Wednesday, March 30, 2016

အယူအဆအလွဲများ(၁၈)

အယူအဆအလွဲများ(၁၈)

Beam တွင် bottom bar မှာ top bar ထက် အမြဲပိုလိုသည်ဟု မှတ်ယူနေခြင်း

Structure design မပါပဲ ဒီအတိုင်းဆောက်လေ့ရှိတဲ့သူတွေနဲ့ ကျောင်းပြီးစအင်/ယာ တော်တော်များများက Beam တွေမှာ bottom bar က top bar ထက် ပိုလိုတယ်လို့ အသေမှတ်ထားတတ်ကြတာကို သတိထားမိပါတယ်။
ကျွန်တော် Structure စတွက်ခါစက ကိုယ်ကလည်း အစဆိုတော့ Senior ကြီးတွေရဲ့ မယုံသင်္ကာနဲ့ "မင်းဟာက bottom bar ထက် top bar တွေက များနေပါလားဟ" လို့ အပြောခံရတတ်ပါတယ်။
နောက် Group တွေမှာလည်း ကျောင်းဆင်းစလေးတွေ Structure design မှာ bottom bar ထက် top bar ကို ပိုပေးတာတွေ့လို့  Design မှားတယ်ထင်တယ်လို့ ဆွေးနွေးကြတာကို ဖတ်ရပါတယ်။

ဘာလို့ဒီလို မှတ်ကြသလဲဆို ထင်တာကတော့ ကျောင်းတွေမှာ Simply supported beam တွေပဲ အတွက်များလာလို့ထင်ပါတယ်။
လက်တွက်တွက်တာဆိုတော့ determinate ဖြစ်တဲ့  Simply supported beam တွေပဲ အဆင်ပြေတော့ ဒါတွေက အတွက်များတဲ့သဘောရှိပါတယ်။
လက်တွေ့မှာကြတော့ determinate ထက် indeterminate တွေပဲ များပါတယ်။ Determinate အနေနဲ့ simply supported က Secondary beam လောက်ပဲယူလို့ရတာဆိုတော့လေ။
ကျန်တာတွေက Column နဲ့ beam တွေက fixed action ဆိုတော့ indeterminate ဖြစ်တာက အများဆုံးပါ။


၁) Simply supported beam  ကတော့ ပုံမှာပြထားတဲ့အတိုင်း +ve moment က wl^2/8 ဖြစ်ပြီး အဲ့အတွက် bottom bar ထည့်ပေးရမှာပါ။


၂) ပုံမှာက Approximate method ကိုသုံးပြီးထုတ်ထားတဲ့ အခန်းဖွဲ့တူ နှစ်ခန်းစာအတွက် moment ကို ပြထားပါတယ်။ အဲ့ဒီမှာ maximum moment က -ve moment ဖြစ်ပြီး +ve moment ထက်ပိုများပါတယ်။ ဒါကြောင့် ဒီလို Indeterminate beam တွေမှာဆို column strip မှာ top bar က bottom bar ထက်ပိုလေ့ရှိပါတယ်။


၃) ဒီပုံကတော့ အခန်းဖွဲ့တူ Span အမျိုးမျိုးရှိတဲ့ beam တွေအတွက် moment ကို ပေးထားပါတယ်။ ပုံကို မရှင်းတော့ပါဘူး။ လေံလာကြည့်ရင် နားလည်ပါမယ်။
ထုတ်နုတ်ဖော်ပြထားတဲ့ ပုံတွေရဲ့ မူရင်းစာအုပ်တွေကို ပုံမှာ ဖော်ပြထားပါတယ်။

အယူအဆအလွဲများ(၁၉)


Floor (ကြမ်းခင်း) ကွန်ကရစ်များကို ဂရုစိုက်ပြီး column (တိုင်)  ကွန်ကရစ်များကို အလေးထားမှုနည်းနေခြင်း
ကြားဖူးမှာပေါ့ ဒီနေ့ဘယ်အလွှာ ကွန်ကရစ်လောင်းမှာမို့ ဘယ်လိုတွေ အလုပ်များကြောင်း၊ Ready mixed concrete ကို ဘယ်လောက် grade နဲ့မှာလောင်းကြောင်း စသဖြင့်ပေါ့လေ။
Floor concrete လောင်းတာ ဂရုစိုက်တာ ကောင်းပါတယ်။ ဒါပေမယ့် တိုင်တွေကိုတော့ ဖြစ်သလိုလူနဲ့ဖျော်ပြီးတော့ Floor မှာ ဘယ်လောက် concrete grade ကောင်းကောင်းနဲ့ လောင်းပေမယ့်လည်း တိုင်တွေကိုတော့ 1:2:4 ကနေမတက်တော့ပါဘူး။
Floor လောင်းရင်တော့ Engineers တွေ သေချာဂရုစိုက်ကြပေမယ့် တိုင်တွေကတော့ ဂရုစိုကမှုအားနည်းပြီး အဖာရာဗလာပွနဲ့လဲ ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။
နောက် Floor လောင်းပြီးရင် ရေမှန်မှန်လောင်းပြီး curing ပေးဖို့ သတိရပေမယ့် column တွေကိုတော့ curing ပေးဖို့မေ့နေတတ်ကြပါတယ်။
၁) အဆောက်အဦတစ်ခုမှာ Load Path က ဒီလိုရှိပါတယ်။  Slab ကနေ load တွေက beam ကိုရောက်ပါတယ်။ Beams တွေကနေမှ Column ကိုရောက်ပါတယ်။ နောက် Column ကနေ Foundation ရောက်ပြီး နောက်ဆုံးတော့ မြေကြီးကို ရောက်ပါတယ်။
၂) ဒီတော့ အထပ်မြင့်လေ column တွေအတွက် concrete strength လိုအပ်ချက်က မြင့်လေလေပါပဲ။ Column ဆိုတာက အထပ်မြင့်လေ အပေါ်က loading ကို ပိုထမ်းရလေလေကိုး။ Beam (ထုတ်) တွေ Slab (ကြမ်းခင်း) တွေကတော့ (ယေဘုယျအားဖြင့်) တထပ်စာကို တထပ်ချင်းထမ်းရတာလေ။
၃) ဒါကြောင့် အထပ်မြင့်တွေမှာ Column ကို high strength conrete ပေးပြီး Floor (Beam + Slab) တွေကိုတော့ Normal ပေးတတ်ပါတယ်။ ဆိုလိုတာက Column တွေကို Floor (Beam + Slab) တွေထက် Concrete strength ပိုပေးလေ့ရှိတယ်ဆိုတာပါ။]၄) ပြောရရင် Column တွေက Floor (Beam + Slab) တွေထက် ပိုအရေးကြီးတယ်ဆိုတာပါ။

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၀)


Ground Beam(မြေညီထပ်ထုတ်) များမှာ မြေကြီးတွန်းကန်အား(Upward Pressure)ရှိခြင်းကြောင့် Floor Beam (အပေါ်ထပ်ထုတ်) များနှင့်မတူ ပြောင်းပြန် (+ve, -ve) moments ရှိသည်ဟု မှတ်ယူနေခြင်း

Lateral Load (Seismic, Wind, etc) ကို မစဉ်းစားဘဲ ဖယ်ထားပါမယ်။

အပေါ်က loading ထမ်းရတဲ့ beams တစ်ချောင်းရဲ့ crack (အက်ကွဲကြောင်း) ဖြစ်တဲ့ပုံစံကို ပုံ(၁) မှာ မြင်နိုင်ပါတယ်။



Fig; 1
Support (တိုင်) နားမှာ အပေါ်ဘက် crack ဖြစ်တယ်။ အလယ်နားမှာတော့ အောက်ဘက် crack ဖြစ်ပါတယ်။

အောက်က loading လာတဲ့  beams တစ်ချောင်းရဲ့ crack (အက်ကွဲကြောင်း) ဖြစ်တဲ့ပုံစံကို ပုံ(၂) မှာ မြင်နိုင်ပါတယ်။


Fig; 2Fig; 2
အပေါ်က loading ထမ်းရတဲ့ beams နဲ့ ပြောင်းပြန်ပါ။ Support (တိုင်) နားမှာ အောက်ဘက် crack ဖြစ်တယ်။ အလယ်နားမှာတော့ အပေါ်ဘက် crack ဖြစ်ပါတယ်။

Floor Beam ဆိုတာက အပေါ်ကလာတဲ့ loading ကို ထမ်းရပါတယ်။
Ground Beam ကလည်း အပေါ်ကလာတဲ့ loading ပဲ ထမ်းရပါတယ်။ Ground Beam တွေက loading က မြေကြီးဆီမသွားပါဘူး တိုင်တွေဆီသွားပါတယ် (နောက်တိုင်ကနေတဆင့် Foundation ကိုသွားပါတယ်)။

ဒါကြောင့် Ground beam တွေက မြေကြီးရဲ့ တွန်းကန်အား (Upward Pressure) ကိုမခံပါဘူး။ ဒါကြောင့် သူ့အတွက် crack ဖြစ်တဲ့ပုံစံတွေ +ve, -ve moments ပုံစံတွေက Floor Beam နဲ့အတူတူပါပဲ။
Upward Pressure ခံရတဲ့ Beam ပုံစံတွေကတော့ Foundation တွေမှာသုံးတဲ့  Strap, Strip Beam တွေမှာ တွေ့နိုင်ပါတယ်။
ပုံ(၂) မှာ အောက်က beam က Strip Beam ဖြစ်ပြီးတော့ အပေါ်က အဝါရောင် beam က Ground Beam ဖြစ်ပါတယ်။ အဲ့ဒီ beam နှစ်ခုရဲ့ မတူညီတဲ့ behavior ကို ပုံမှာလေ့လာနိုင်ပါတယ်။
(www.buildinghow.com မှပုံများကို ယူသုံးပါသည်)

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၁)


Steel Structure အဆောက်အဦများကို Structure ဟု ခေါ်နေခြင်း

"ဆရာ ကျွန်တော်တို့က Structure နဲ့ ဆောက်ချင်တာ"

" ဟုတ် ကောင်းတာပေါ့ဗျာ တကယ်တော့ အဆောက်အဦ ကြီးကြီး ငယ်ငယ် Structure တွက်ချက်ပြီးမှ ဆောက်တာ အကောင်းဆုံးပါပဲ"

" ဟုတ် ဆရာ Rc ထက်စာရင် Structure က သက်သာမှာပေါ့နော့"

"သေဟ" လို့ စိတ်ထဲကနေ ရေရွတ်မိတယ်။ Steel Structure ကို သူတို့က Structure လို့ခေါ်နေတာကို ကိုယ်က Structure ခိုင်ခန့်မှုတွက်ချက်တာကို ပြောတာပဲ ထင်ပြီး ပြန်ပြောနေတာပါ။

အဲ့လို Steel Structure ကို Structure လို့ သုံးနှုန်းပြောတာ အင်ဂျင်နီယာ ၃, ၄ ဦး ကြုံဖူးပါတယ်။ အပြင်လူတွေလည်း ကြုံဖူးပါတယ်။ အစပိုင်းက ကြောင်အမ်းအမ်းဖြစ်ပေမယ့် နောက်တော့ သူတို့ပြောချင်တာကို သိလာတော့တာပါပဲ။

တကယ်တော့ Steel Structure တွေမှာသုံးတဲ့ I beam တွေကို Structural Steel လို့ခေါ်ပါတယ်။ Structural Steel နဲ့ ဆောက်တဲ့ အဆောက်အအုံ Structure တွေကို Structural Steel Structure, Steel Structure လို့သုံးပါတယ်။ Structural Steel design, Steel Construction စသဖြင့် Steel/ Structural Steel ဆိုပြီး သုံးနှုန်းပါတယ်။ 

Ties, Stirrups & Hoops



Ties, Stirrups & Hoops
Transverse reinforcement အတွက်သုံးတဲ့ကွင်းတွေပါ။ ဒီဝေါဟာရသုံးခုက တူသလိုနဲ့မတူပါဘူး၊ technically ကွဲပြားခြားနားတဲ့ အသုံးတွေရှိပါတယ်။

၁) Compression members (ဥပမာ column) အတွက်သုံးတဲ့ကွင်းကို Ties လို့ခေါ်ပါတယ်။ Flexural members (Beams) အတွက်သုံးတဲ့ကွင်းကို Stirrups လို့ခေါ်ပါတယ်။
၂) Stirrups က Open လည်းဖြစ်နိုင်ပါတယ်(ဥပမာ U shaped)၊ Closed လည်းဖြစ်နိုင်ပါတယ်(Column မှာသုံးတဲ့Ties ကတော့ Closed ဘဲသုံးပါတယ်)။ အဲဒီမှာ closed stirrups ကို hoops လို့သုံးပါတယ်။
၃) Shear resistance ဘဲလိုတဲ့နေရာမှာ closed မဟုတ်ဘဲ open stirrups တွေသုံးနိုင်ပါတယ်။ Hoops တွေကိုတော့ Shear အတွက်တင်မက confinement အတွက်ပါလိုတဲ့နေရာမှာ သုံးရပါတယ်။
> ပုံမှာ beam တစ်ခုရဲ့ closed stirrups (hoops) နဲ့ open stirrups ကိုတွေ့နိုင်ပါတယ်။ ပုံမှာလေ့လာကြည့်ပါ column face နားမှာ closed stirrups (hoops) သုံးပြီး mid span မှာ open stirrups သုံးနိုင်တာကို တွေ့ရပါတယ်။

Steel percentage of RC members



Steel percentage of RC members
1. Foundation
Foundation က များသောအားဖြင့် minimum steel ပဲ control ဖြစ်လေ့ရှိပါတယ်။ Minimum steel ratio က 200/fy ပါ။ Fy 40000 psi အတွက်ဆို minimum steel ratio က 0.5% ပါ။ Steel percentage က 0.5%-2% ပါ။
2. Column
Column အတွက် steel percentage က 1%-8% ပါ။ များသောအားဖြင့်တော့ 1%-4% ပါ (ACI)။ (ဒါပေမယ့် ကျွန်တော်ကတော့ 3% အထိပဲ ကြိုက်ပါတယ်။3% ထက်ပိုရင် သံချောင်းကြပ် (steel congestion) ပါတယ်။)
3. Beam
Beam ရဲ့ minimum steel ratio က 200/fy ပါ။ Fy 40000 psi အတွက်ဆို minimum steel ratio က 0.5% ပါ။ Steel percentage က 0.5%-2% ပါ။
4. Slab
Slab ရဲ့ minimum steel ratio က temperature & shrinkage အတွက် 0.2% ပါ။ Steel percentage က 0.2%-2% ပါ။
5. Stair
Stair မှာ main steel အတွက် minimum steel ratio က 200/fy ပါ။ Fy 40000 psi အတွက်ဆို minimum steel ratio က 0.5% ပါ။ Distribution bars အတွက် minimum steel ratio က temperature & shrinkage အတွက် 0.2% ပါ။

သံချောင်း grade (or Yield Strength) ဘယ်လောက်သုံးခိုင်းထာားလဲ




အဆောက်အဦတစ်ခုကို Structure Design တွက်ချက်မှုတွေနဲ့ဆောက်တဲ့အခါမှပေါ့။ တော်တော်များများကပေါ့ သံချောင်းဆိုဒ်ဘယ်နှယ်လုံးသုံးထားတယ်။ ဘယ်ဆိုဒ်သုံးထားတယ်ဆိုတာကိုပဲ အာရုံစိုက်ကြလေ့ရှိပါတယ်။
Designer က သံချောင်း grade (or Yield Strength) ဘယ်လောက်ကို သုံးထားခိုင်းသလဲဆိုတာကိုတော့ သတိလက်လွတ်ဖြစ်တတ်ကြပါတယ်။
နောက် concrete ဆိုလည်း Concrete grade ဘယ်လောက်သုံးခိုင်းသလဲဆိုတာထက် ထိုင်းဆင်တွေ၊ Crown တွေ၊ AAA တွေစသဖြင့် ဘိလပ်မြေတံဆိပ်တွေပေါ်ပဲ အာရုံရောက်နေတတ်ပါတယ်။ Concrete အကြောင်းကတော့ ရေးဖူးပြီးသားဆိုတော့ Steel အကြောင်းပဲ ဆက်ပြောချင်ပါတယ်။
အထပ်မြင့်အဆောက်အဦတွေဖြစ်လာရင် Steel နဲ့ Concrete ကို grade မြှင့်သုံးမှ အဆင်ပြေမယ့်အနေအထားတွေ ရှိပါတယ်။ အဲ့ဒါကြောင့် ကိုယ်သုံးနေကြ grade တွေ Market က အလွယ်တကူရတဲ့ Steel တွေသုံးနေတဲ့အလေ့အထကနေ Designer နဲ့တိုင်ပင်ပြီး သူပေးတဲ့ grade အတိုင်းသုံးရပါမယ်။ ဒါမှသာ တွက်တာနဲ့ ဆောက်တာနဲ့ တူညီတဲ့ grade တွေဖြစ်ပြီး တွက်ချက်ထားတဲ့အတိုင်း ခိုင်ခံ့မှုရရှိမှာ ဖြစ်ပါတယ်။
ဒီမှာ Market မှာ ဝင်တာက အများစုက china တွေပဲဖြစ်မယ်ထင်ပါတယ်။ အဲ့ဒီမှာ သူတို့က HRB400, HRB460, HRB500 စသဖြင့် Grade ကိုဖော်ပြထားကြပါတယ်။ သံအစည်းတွေမှာ ပုံမှာပြထားတဲ့ Label card လေးတွေပါလာပါတယ်။ တချို့လည်း ဆိုင်တွေက လက်လီပြန်ဖြန့်တော့ ပါမလာတော့ တွေ့ဖူးချင်မှ တွေ့ဖူးပါမယ်။ (ဘာမှမပြောဘဲဝယ်ရင်တော့ HRB400 တွေပဲဖြစ်ပါမယ်။ သူက Market မှာအသုံးအများဆုံးဖြစ်ပါတယ်။)
အဲ့ဒီမှာ HRB400 က Yield strength 400MPa, HRB460 က Yield strength 460MPa, HRB500 က Yield strength 500MPa စသဖြင့်ရှိပါတယ်လို့ ဆိုလိုပါတယ်။ 1MPa ဟာ 145.04 Psi နဲ့ ညီမျှပါတယ်။
(Grade တွေကတော့ ပြည့်တာများပါတယ်။ ဆိုဒ်(Diameter) တွေကတော့ တံဆိပ်မျိုးစုံ နဲတာနဲ့ များတာပဲကွာမယ်။ အကုန်လျော့မယ်ထင်ပါတယ် smile emoticon )
အဲ့ဒီမှာမှ HRB400E, HRB500E ဆိုပြီးတော့လည်းရှိပါသေးတယ်။ E က Earthquake ကိုဆိုလိုတာလို့ Internet မှာရှာဖတ်ကြည့်တော့ သိရပါတယ်။
ဒီ China Standard တွေနဲ့ပတ်သက်လို့ ကျွန်တော်လည်း သိပ်မသိပါဘူး။ ဒါတွနဲ့ပတ်သက်လို့ သိထားတာရှိရင်လည်း ဝေမျှပေးကြပါဦး။