III Specification
1. Sanitary
(a) လိုအပ်တဲ့ရေအသုံး (water demand) ကို Table 1 Population Equivalent မှာကြည့်ပြီး တွက်ချက်နိုင်ပါတယ်။
(b) ရေဖြန့်ဝေမှုကို စနစ်နှစ်မျိုးသုံးနိုင်ပါတယ်။ ပထမတစ်ခုက မြေအောက်(သို့)မြေပေါ်ကန်ထားပြီး အဲဒီကနေ ရေဖြန့်တဲ့ Up Feed Distribution System ။ နောက်တစ်ခုက မြေအောက်(သို့)မြေပေါ်ကန် (Ground Tank) ကနေ အပေါ်ကန် (roof tank) ၊ အပေါ်ကန်ကနေမှပြန်ဖြန့်တဲ့ Down Feed Distribution System
(c) Ground Tank က Table 1 ကတွက်ချက်လို့ရတာရဲ့ နှစ်ရက်စာရေပမာဏကို သိုလှောင်နိုင်ရမယ်။ အနဲဆုံးဆိုရင်တော့ တစ်ရက်စာရေပမာဏကို သိုလှောင်နိုင်ရမယ်။
(d) Roof Tank က တစ်ရက်စာရေပမာဏရဲ့ ၅၀%ကို သိုလှောင်နိုင်ရမယ်။ အနဲဆုံးဆိုရင်တော့ တစ်ရက်စာရေပမာဏရဲ့ ၃၅%ကို သိုလှောင်နိုင်ရမယ်။ တစ်ကန်ထက်ပိုသုံးမယ်ဆိုရင် အနဲဆုံး ဂါလံ ၁၆၀၀ ရှိရမယ်။ (အနဲဆုံး ဂါလံ ၁၆၀၀ဆိုတာ အထပ်မြင့်အဆောက်အဦတွေအတွက် ကန့်သက်ချက်ပါ၊ အထပ်မြင့်မဟုတ်တာတွေ အတွက် မလိုအပ်ဟု ယူဆပါသည်)
(e) Public Buildings အတွက် Fire Protection System တွေပါလာရင်တော့ fire protection အတွက်လိုအပ်တဲ့ရေပမာဏကို ထပ်ပေါင်းထည့်ပေးရပါမယ်။ လိုအပ်တဲ့ရေပမာဏကို Table 3,4 မှာကြည့်နိုင်ပါတယ်။
(f) Septic Tank ကိုတော့ လူတစ်ဦး ၂၅ ဂါလံနှုန်းနဲ့ ဒီဆိုင်းလုပ်ခိုင်းပါတယ်။
(g) ကန်အတိုင်းအတာ ရှာနိုင်ဖို့အတွက် 1cft = 6.24 gal ရှိပါတယ်။
Reference (for a to e) : Guidelines for High-Rise Building Construction Projects (Sanitary) - CQHP
Reference (for f) : Basic Civil Engineering & Building Construction
2. Standard Bar Hooks
Stirrups or ties အတွက် hooks တွေကို Earthquake အတွက်ဆို 135 hook ဖြစ်ရပါမယ်။ ကွင်း hooks တွေကို column မှာဆို ၃၆၅ deg တပတ်လည်လှည့်ချီပေးရပါမယ်။ Beam မှာတော့ hook ကို အပေါ်မှာပဲထားပြီး ဘယ်၊ ညာတလှည့်စီ ချီရမှာပါ။ Hooks ကို အောက်မှာမထားသင့်ပါဘူး။ Cantilever beam ဆိုရင်တော့ Hooks ကို အောက်မှာထားပြီး ဘယ်၊ ညာတလှည့်စီ ချီရမှာပါ။
3. Splice Locations and Lengths for Beams & Columns
Beam မှာ top bar ကို mid span မှာဆက်တာ အကောင်းဆုံးဖြစ်ပြီး bottom bar ကို support နား coln face ကနေ 2h (h=beam depth) အကွာမှာဆက်တာ အကောင်းဆုံးဖြစ်ပါတယ်။ အကောင်းဆုံးနေရာတွေမှာပဲဆက်ဖို့ အခက်အခဲ(သံချောင်းပုတ်တာ)ရှိနိုင်တဲ့အတွက် ပုံမှာ Splice zone ဆိုပြီး Splice ဆက်ရမယ့် zone သတ်မှတ်ပေးထားပါတယ်။ အဲဒီ zone အပြင်မှာမဆက်ရပါဘူး။
Column ကတော့ ရိုးရိုးအဆောက်အဦဆိုရင် (ငလျှင်မပါရင်) ကြမ်းခင်းလောင်းပြီးအပေါ်မှာ ဆက်နိုင်ပါတယ်။ ငလျှင်ပါရင်တော့ Floor တွေရဲ့အလယ်မှာဆက်ရပါမယ်။
4. Cutoff or Bend Points for Beams and One-Way Slabs
5. Concrete Covers

No comments:
Post a Comment