Wednesday, March 30, 2016

Civil Engineering FE အကြောင်းကိုသိရှိနိုင်ရန် နှင့် လေ့လာနိုင်ကြစေရန်ဖြစ်ပါသည်။











Scope for BE Entrance Exams (2015)



Basics but essentials to know (5) Prestressed Concrete (Introduction)



Basics but essentials to know (5)
Prestressed Concrete
(Introduction)

Prestressed concrete ဖြစ်ဖို့ concrete member ကို prestress force သက်ရောက်ပေးရပါတယ်။ ဒါကို Prestressing လုပ်တယ်လို့ဆိုနိုင်ပါတယ်။

Concrete က Compression ကိုခံနိုင်ရည်ရှိပါတယ်။ Tension ခံနိုင်ရည်ကတော့ compression ခံနိုင်ရည်နဲ့ နှိုင်းယှဉ်ရင် အတော်လေးနဲပါးပါတယ်။

Prestressed concrete မှာ အဲ့လိုခံနိုင်ရည်အားနဲတဲ့ Tension ကို နည်းအောင် လုပ်ဖို့အတွက် Member ကို Tension ရဲ့ဆန့်ကျင်ဘက် Compression ကို ကြိုပေးထားပါတယ်။
အဲ့တော့ Loading ထမ်းရလို့ Tension လာတဲ့အခါ ကြိုပေးထားတဲ့ compression နဲ့ကြေသွားအောင် မရှိအောင်မလုပ်နိုင်တောင် Tension ကိုနဲပါးအောင်လျော့ချပေးနိုင်ပါတယ်။

အဲ့လို compression ကြိုပေးတာကို Prestressing လုပ်င်္ပြီးရနိုင်ပါတယ်။ ဒီလို Prestressing (compression ကြိုပေး) လုပ်ထားတဲ့ Concrete ကို Prestressed Concrete လို့ခေါ်ပါတယ်။

Prestressed concrete ရဲ့ အသုံးတည့်မှုကို ပုံနဲ့တွဲပြီး လေ့လာကြည့်ပါမယ်။

ပုံ(a) မှာကြည့်ကြည့်ပါ။ Reinforcement မပါတဲ့ beam တချောင်းကို အလယ်တည့်တည့်ကနေ Pt load "W" သက်ရောက်ထားပါတယ်။
Loading ကြောင့် Elastic range အတွင်းမှာပဲ Stress ဖြစ်မယ်ဆိုရင် Midspan မှာရှိမယ့် linear လိုက်ရှိမယ့် Stress ကို ပုံ(a) အစွန်မှာ ကြည့်နိုင်ပါတယ်။ အပေါ်ပိုင်းက compression အောက်ပိုင်းက tension ကိုခံစားရပါမယ်။
ပုံ(b) မှာကြည့်ပါ။ အဲ့မှာ Prestressing force (P) ကို Beam အလယ်မှာ သက်ရောက်လိုက်ပါတယ်။ အဲ့ force ကြောင့်ဖြစ်မယ့် Stress က compression ပါ။
နောက် ပုံ(a) လို loading သက်ရောက်လိုက်တဲ့အခါ bottom မှာ နဂိုသက်ရောက်ထားတဲ့ compression နဲ့ loading ကြောင့်ဖြစ်တဲ့ tesnsion ကြေသွားတာကို သရုပ်ပြပုံမှာတွေ့နိုင်ပါတယ်။
ပုံ(c), (d), (e) ကိုတော့ မရှင်းတော့ပါဘူး။ ပုံတွေကြည့်ရင် နားလည်လွယ်ပါတယ်။

Prestressed concrete ဖြစ်ဖို့ concrete member ကို prestress force သက်ရောက်ရာမှာ နည်းနှစ်နည်းရှိပါတယ်။
ပထမနည်းက Pretensioning လို့ခေါ်ပါတယ်။ Concrete မလောင်းခင် Steel ကို ကြိုတင် tension (ဆွဲဆန့်) ပေးထားတာပါ။ လောင်းပြီးလိုချင်တဲ့အတိုင်းအတာ တစ်ခုရောက်မှ tension ပေးထားတာကနေ ပြန်လွှတ်ပေးပါတယ်။
ဒုတိယနည်းက Post-tensioning လို့ခေါ်ပါတယ်။ Concrete လောင်းမယ့်အထဲ Steel ချောင်းတွေ ထည့်ထားပြီး Concrete လောင်းပြီးမှ အဲဒီ Steel တွေကို tension ပေးတာပါ။
(Photo credit : Design of Concrete Structures, Arthur H. Nilson)

Post-Tensioning နည်းစနစ်အကြောင်း သိကောင်းစရာ




လွန်ခဲ့တဲ့လက ရေးဖြစ်ခဲ့တဲ့ Post-Tensioning နည်းစနစ်အကြောင်း သိကောင်းစရာ (၁) (၂) (၃) ကို စ/ဆုံး စာအုပ်တစ်အုပ်အနေဖြင့် save လုပ်ထားပြီး ဖတ်ရှုလေ့လာလိုလျှင် အောက်တွင် pdf အနေဖြင့် download ယူနိုင်ပါသည်။ ပိုမို နားလည်လွယ်စေရန် ကဏ္ဍအလိုက် ဓာတ်ပုံများနှင့် ယှဉ်တွဲ ဖော်ပြထားပါသည်။ 

PT နှင့် ပတ်သက်သော အခြား စာအုပ်များ၊ Video file များကိုလည်း လေ့လာနိုင်ပါသည်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

Post-Tensioning နည်းစနစ်အကြောင်းသိကောင်းစရာ (Aung Myo Min, YE-MES).pdf

Mediafire ဖြင့် download ရန် -

http://www.mediafire.com/download/8h56efgas4960ga/Post-Tensioning_နည်းစနစ်အကြောင်းသိကောင်းစရာ_%28Aung_Myo_Min%2C_YE-MES%29.pdf

Dropbox မှ download ရန် -

https://www.dropbox.com/s/lk4yqtm2ohxqoat/Post-Tensioning%20နည်းစနစ်အကြောင်းသိကောင်းစရာ%20%28Aung%20Myo%20Min%2C%20YE-MES%29.pdf?dl=0

Facebook မှ download ရန် -

https://www.facebook.com/groups/youngengineercommittee/1008203062549886/

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

Reference ယူထားသည့် ဆောင်းပါးကို မူရင်း English လို အောက်ပါ link တွင် download ယူနိုင်ပါသည်။

What is Post-Tensioning.pdf

https://www.dropbox.com/s/c5agkuqh9d5m1lc/What%20is%20Post-Tensioning.pdf?dl=0
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

PT နှင့် ပတ်သက်၍ ထပ်မံလေ့လာနိုင်ရန် အောက်ပါစာအုပ်ကို download ယူနိုင်ပါသည်။

Post-Tensioning Tendon Installation and Grouting Manual.pdf

https://www.dropbox.com/s/965v4kvufbuxqkm/Post-Tensioning%20Tendon%20Installation%20and%20Grouting%20Manual.pdf?dl=0
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

Post Tensioning အကြောင်း ပိုမိုနားလည်စေရန် အောက်ပါ video တို့ကို ကြည့်ရှုလေ့လာနိုင်ပါသည်။

1. Bonded Post-Tensioning System (Grouting)

https://youtu.be/RB4Sn77f8-c

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

2. Unbonded Post-Tensioning System

https://youtu.be/kFXz4nWwvrY

Pile cap design procedure









ဒီနေ့တော့ Pile cap အကြောင်း လေး ဆွေးနွေးချင်ပါတယ်ခင်ဗျာ
What is pile cap?
အဆောက်အုံကိုထမ်းထားမယ့် အပေါ်ယံမြေသားက လုံလောက်တဲ့ ထမ်းအားမရတဲ့အခါ မာကြောတဲ့ ခပ်နက်နက်ကမြေသားအလွှာဆီ load တွေကို transfer လုပ်ဖို့အတွက် piles တွေကိုသုံးရပါတယ်
columnတစ်ခုစီရဲ့ အောက်မှာ pile တွေဟာ column base load နဲ့ မြေ အပျော့အမာပ်ါမူတည်ပီး အုပ်စုလိုက်ရှိနေတတ်ပါတယ် အဲဒီအုပ်စုလိုက်အပေါ် column ကလာမယ့် load တွေ uniformly distributed ဖြစ်သွားဖို့ cap နဲ့အုပ်ပေးထားရပါတယ် အဲဒါ pile cap ပါ
Pile cap အပေါ်သက်ရောက်နေတဲ့အားတွေက ဘယ်လိုလဲ?
Pile cap က အားသက်ရောက်ခံရတာ spread footing နဲ့ဆင်ပါတယ် spread footings တွေကမှာ အောက်ကပြန်ပင့်တဲ့အားက မြေသားကတိုက်ရိုက်ပင့်တာဖြစ်လို့ uniformly distributed loadအနေနဲ့ပင့်တာ ဖြစ်ပီး pile cap မှာတော့ pile တစ်ခုစီက ပြန်ပင့်ထားလို့ point load အနေနဲ့ပင့်တာသာ ကွာပါတယ်
load တွေကိုpile ဆီ ညီညီမျမျ transfer လုပ်နိုင်ဖို့ ကြားခံအုပ်ထားတဲ့ pile cap ဟာ လုံလောက်တဲ့ depth ရဖို့အထူးအရေးကြီးပါတယ်
အခြေခံလေး ဆွေးနွေးပီးရင် Design လုပ်နိုင်ဖို့ Step by step ဆွေးနွေးပါရစေ
Step (1) Calculation of effective pile capacity
Pile တွေရဲ့အထက်မှာ pile cap ရှိမယ် မြေသားဖို့ထားတာရှိမယ် floor ခင်းထားတာတွေရှိမယ် အစရှိသဖြင့်ပေါ့လေ column load ဟုတ်ဘဲ pile ကထမ်းရမယ့်အရာ တွေရဲ့ အလေးချိန်ကို pile ခံနိုင်ရည်ထဲက နှုတ်ပေးရပါမယ်
ဒါမှ column load ကို အသားတင်ထမ်းမယ့် pile ရဲ့ခံနိုင်ရည် ရမှာပါ
Step (2) To find the nos of pile
ပထမအဆင့်က နှုတ်ပီးသား pile ခံနိုင်ရည်နဲ့ column base က load ကိုစားလိုက်ရင် pile အရေတွက်ရပါမယ်ခင်ဗျ
Step (3) Pile cap shape and size
ဒီအဆင့်ကတော့ designer ရဲ့ အတွေ့အကြုံပေါ်မူတည်ပီးဆုံးဖြတ်နိုင်မယ်ထင်ပါတယ် Optimun အဖြစ်ဆုံးကို ရွေးနိုင်ဖို့လိုတာလေးတွေ ဆက်ဆွေးနွေးပါ့မယ်
pile ရဲ့ C/C spacing ကိုအခြေခံပီးစဉ်းစားရမှာပါ Press pile ဆိုရင် pile diameter ရဲ့သုံးဆ bearing pile ဆို pile diameter တစ်ဆ စသဖြင့် code ကသတ်မှတ်ထားတဲ့ minimun တွေကနေ သတ်မှတ်ပေးရပါမယ် (link တွေနဲ့ နောက်မှာဆက်လေ့လာနိုင်အောင် code တွေထည့်ပေးထားပါတယ်)
pile အပြင်စွန်းနဲ့ pile cap အပြင်အနားက 6" ရှိရပါမယ်
ဒါတွေပေါ်မူတည်ပီး cap sizeကိုတွက်ပီး ဘယ်လို shape နဲ့ အဆင်ပြေမလဲ pile position ကို ဘယ်လို arrangement လုပ်မလဲ Designer ကဆုံးဖြတ်ရမှာပါ အသုံးများတဲ့ ပုံစံလေးတွေ နောက်မှာဖော်ပြပေးထားပါတယ်
pile cap design ကို axial load only မဟုတ်ဘဲ lateral load (wind and quake) ကြောင့်ဝင်လာတဲ့ Overturning Moment ကိုပါ စဉ်းစားရရင် အဲဒီ moment ကို အစွန်pile နဲ့col center ကြားအကွာဝေးနဲ့ မြှောက်ပီး Pile အားလုံးပေါ်စဉ်းစားထားတဲ့ moment of inertia နဲ့ စားတဲ့တန်ဖိုးထည့်ပေါင်းပေးရပါမယ် သဘောကတော့ ဒီmoment ကြောင့် အများဆုံးခံရမယ့် အစွန် pile ဆီ ကို ဒီ piles arrangement Geometry ကို ဖြတ်ပီး Load ဘယ်လောက် သက်ရောက်သွားလဲ တွက်လိုက်တာပါ
အဲဒါထပ်ပေါင်းပေးပီး pile က မခံနိုင်ရင် အလုံးရေမတိုးချင်ရင် pile capacity ကို တိုးပေးရပါမယ်
step (4) Thickness of pile cap
Thickness ကတော့ Assume လုပ်ပီးtrial and error ကိုသုံးရတာပါ အတွေ့ကြုံအရလုပ်နိုင်ရင်တော့ ပိုမြန်တာပေါ့ minimun သတ်မှတ်ထားတာလေးနဲ့ pile diameter အလိုက်သုံးသင့်တာလေး Appendix မှာထည့်ပေးထားပါတယ်
Step (5) Punching shear checking
punching shear failure line က col face ကနေ pile cap effective depth/2 တလျောက်မှာရှိပါတယ် ပုံလေးကြည့်ပေးပါ
failure line အပြင်မှာရှိတဲ့pile တွေ တဝက်တပျက်မှာရှိနေတဲ့pile တွေရဲ့ reaction တွေကို အချိုးအလိုက် အားလုံးပေါင်းပီး punching shear forces ရှာရပါတယ် ရှာတဲ့အခါအဲဒီ pile တွေရဲ့ reaction ကို
designသဘောတရားအတိုင်းတိုးစဉ်းစားပါတယ်axil load ကို factor နဲ့မြောက်ပီးတိုးသလို ပေါ့
အဲဒီ penching shear က pile cap ရဲ့ shear capicity ထက်ငယ်ရင် ok တယ်ပေါ့ဗျာ
အဲဒီ thickness က punching shear ကိုခံနိုင်တယ်ပေါ့
Step(6) One way shear checking
One way shear failure line က col face ကနေ disance 'd' မှာရှိပါတယ်
အဲဒီ failure line အပြင်မှာရှိတဲ့ pile တွေ တစ်ဝက်တပျက် ထိနေတဲ့ pile တွေကနေ အချိုးအလိုက် interpolation လုပ်ပီး one way shear force ကိုတွက်ရပါမယ်
အထက်ကလိုပဲ concrete ရဲ့ ခံနိုင်ရည်နဲ့ check လိုက်လို့ ok တယ်ဆိုရင်ရင် ဒီ Thickness of pile cap ကok တယ်ဆု
ဆိုနိုင်ပါတယ်
Shear အတွက် reinforcement မသုံးဘဲ concrete only နဲ့ပဲ ထမ်းစေတဲ့သဘောပါ
Step (7) To determine flexural reinforcement
Pile cap မှာ ဆင်တဲ့ steel တွေက column face မှာ လည်တဲ့ bending moment ကို pile တွေနဲ့ perpendicular moment arm တွေမြှောက်ပီး ရှာတာပေးရတာပါ
beam တစ်ချောင်းပေါ် point load တွေတင်ထားတာနဲ့ဆင်ပါတယ်
အဲဒီက ရလာတဲ့ moment ကိုသုံးပီး လိုတဲ့ steel area ကိုတွက်ထုတ်နိုင်ပါတယ် pile cap မှာထည့်တဲ့ steel ဟာ pile cap ကို pile တွေက လှန်ချိုးတဲ့ bending moment ကိုခံနိုင်ဖို့သာထည့်ပါတယ်( တစ်ခါတရံ shear steelလဲထည့်ပါတယ် )
column base က overturning moment ကို structural mechanic သဘောတရားအတိုင်း pile တွေထဲထည့်ပေါင်းခဲ့တာ အပေါ်မှာဆွေးနွေးပီးပါပီ steel က bending mement နဲ့ design လုပ်တာပါ overturning moment နဲ့မဟုတ်ပါဘူး
ရလာတဲ့ Steel area အတိုင်း Designer ကအဆင်ပြေဆုံးဖြစ်မယ့် bar sizes and spacing ကို ရွေးသုံးလိုက်ခြင်းဖြင့် Pile cap တစ်ခုကို design လုပ်နိုင်ပါတယ်ခင်ဗျာ
သတိပြုရမည့်အချက်များ
(1) Concrete clear cover ကအနည်းဆုံး 2" ရှိရပါ့မယ်
(2) pile ခေါင်းက အနည်းဆုံး 6 " pile cap ထဲဝင်နေရပါ့မယ်
(3) pile cap အောက်မှာ 3" lean concrete လောင်းပေးရပါ့မယ်
(4) Steel spacing က minimun 4" လောက်ရှိသင့်ပီး 7.5" ထက်မကျဲသင့်ပါဘူး
အောက်မှာ ဆက်လေ့လာနိုင်ဖို့ link တွေစာအုပ်တွေ တင်ပေးထားပါတယ်ခင်ဗျာ အချိန် ၃ နာရီလောက်ပေးပီးအဲဒီအပိုင်းလေးတွေထပ်လေ့လာဖြစ်ရင် ပိုပြည့်စုံသွားမယ်ထင်ပါတယ်

****Concrete Mix Design Calculation ( Intermediate Level)


ဒီတစ်ခါတော့ ကွန်ကရိ နဲ့ ပတ်သတ်တဲ့ Mix Design တွက်ချက်နည်းပါ။ ကျနော်တို့ဟာ အရပ်ထဲမှာဆို သဲ ကျောက် ဘိလပ်မြေ ရေကို ရောပြီး လမ်းတွေနဲ့ အခြား တိုက်တာ အဆောက်အဦးတွေမှာ အသုံးပြုကြပါတယ်။ ထိုသို့ အသုံးပြုရာမှာ လိုအပ်တဲ့ ခံနိုင်ရည်အားတွေပေါ်မူတည်ပြီး အချိုးတွေဟာလည်း ကွာခြားပါတယ်။ (ဥပမာ ၁:၂:၄ တို့ အစရှိသည် အချိုးများစွာ အသုံးပြုကြပါတယ်။) သို့သော် ကျနော်တို့ ကွန်ကရိကို Specialize ထုတ်တဲ့ အခါမှာ ထိုသို့ အသုံးပြုလို့ မရတော့ပါဘူး။ သက်ဆိုင်ရာ ခံနိုင်ရည်အားများအလိုက် water cement ratio တို့ S/A ratio တို့ သဲ ကျောက် grading တို့ အစရှိသည့် အခြေခံ အချက်များပေါ်တွင် အခြေခံပြီး သဲ ကျောက် ဘိလပ်မြေ ရေ Admixture (ထပ်ပေါင်းထည့်သည့် အရာများ) ထည့်ရမည့် ပမာဏ အလေးချိန်များအား တွက်ချက်ခြင်းကို Concrete Mix Design Calculation လို့ ခေါ်ပါတယ်။ ထိုသို့ တွက်ချက်ရာမှာ သက်ဆိုင်ရာ နိုင်ငံကြီးများမှ ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆောင်ရွက်ကြရပါတယ်။ (ဥပမာ နိုင်ငံများအနေဖြင့် အမေရိကန် ဗြိတိလျှ အစရှိသည်။) ကျနော် အခု ရှင်းပြမှာကတော့ အမေရိကန် နိုင်ငံရဲ့ ACI လို့ခေါ်တဲ့ (American Concrete Institute) ACI 211.1-91 အတိုင်း လိုက်နာဆောင်ရွက်ပြီး ကျနော့် ဆရာ များ သင်ကြားပြသသည့်ဗဟုသုတ များအပေါ်တွင် အခြေခံပြီး တွက်ချက်ပါမည် ဖြစ်ပါသည်။
Mix Design Calculation
Example for American Method
Concrete Mix Design တွက်ချက်ရာတွင် Volume ပေါ်တွင် အခြေခံပြီးတွက်ချက်သည့် နည်းနှင့် Weight ပေါ်တွင် အခြေခံပြီး တွက်ချက်သည့် နည်း ဟူ၍ နှစ်နည်း ရှိပါသည်။ အမေရိကန် Method သည် Volume ပေါ်တွင် အခြေခံပြီး တွက်ချက်သည့် နည်းဖြစ်သည်။ ဥပမာ အနေဖြင့် Weight ပေါ်တွင် အခြေခံပြီး တွက်သည့် နည်းဆိုသည်မှာ Concrete Volume One Cubic Meter တွင် အလေးချိန် အကြမ်းဖျင်းအားဖြင့် ၂၄၀၀ ကီလိုဂရမ် ရှိသည်ဆိုသည့် အချက်တွင် အခြေခံ တွက်ချက်ခြင်း ဖြစ်ပြီး Volume ဖြင့် တွက်ချက်သည့် နည်းဆိုသည်မှာ Concrete Volume One Cubic Meter တွင် အခြေခံအားဖြင့် ၁၀၀၀ လီတာ ရှိသည် ဆိုသည့် အချက်ပေါ်တွင် အခြေခံတွက်ချက်ခြင်း ဖြစ်သည်။ ကျနော်က အမေရိကန် နည်းဖြင့် တွက်ချက်သည် ဆိုသောကြောင့် Volume Method ပေါ်တွင် အခြေခံတွက်ချက်ပါမည်။ အရာဝတ္ထုတွေဟာ သူ့ရဲ့ အလေးချိန်ကို သူ့ရဲ့ သိပ်သည်းဆနှင့် စားသောအခါ သူ့ရဲ့ ထုထည်(Volume) ရရှိသည်အား သိရှိခဲ့ပြီးဖြစ်တဲ့ အချက်ပေါ်တွင် အခြေခံပါမည်။ ဥပမာ အားဖြင့် အရာဝတ္ထုဟုဆိုရာတွင် ရေအား စံထားကြည့်ပါက ရေ အလေးချိန် ၁ ကီလိုဂရမ်အား သူ့ရဲ့ သိပ်သည်းဆ ၁.၀ ဖြင့် စားပါက သူ့ရဲ့ ထုထည်အားဖြင့် ၁ လီတာ ရမည် ဖြစ်ပါသည်။ ထို့ကြောင့် ရေ တစ် ကီလိုဂရမ်ဟု ပြောပါက ထုထည်သည် ၁ လီတာ ဖြစ်ရမည်။ အဘယ့်ကြောင့်ဆိုသော် သူ့ သိပ်သည်းဆသည် ၁.၀ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ဘဲ သဲ ကျောက် ဘိလပ်မြေ အစရှိသည်တို့၏ အလေးချိန်အား သူ၏ သိပ်သည်းဆနှင့် စားပါက သူ့ရဲ့ Volume (ထုသည်) ရရှိမည်ဖြစ်သည်။ထိုအချက်ပေါ်တွင် အခြေခံပြီး တွက်ချက်ပါမည်။
Concrete Mix Design တွက်ချက်ဖို့ အောက်ပါ အချက်များအား ကြိုတင်စုဆောင်း ရှာဖွေရပါမည်။
Specified Strength = 35 N/mm2 (မိမိလိုချင်သည့် ခံနိုင်ရည်အား)
Required Slump = 50 mm (မိမိလိုချင်သည့် ကွန်ကရိ အပျော့အမာ)
ဓါတ်ခွဲစမ်းသပ်ခန်းမှ ရရှိစုဆောင်းရမည့် ကုန်ကြမ်းများ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
Size of Coarse Agg: = 20 mm (အသုံးပြုမည့် ကျောက်ဆိုဒ်)
Bulk Density of CA = 1600 kg/m3 ( ကျောက်၏ Bulk Density )
SG of CA = 2.64 (ကျောက်၏ သိပ်သည်းဆ)
SG of FA = 2.58 (သဲ၏ သိပ်သည်းဆ)
SG of Cement = 3.15 (ဘိလပ်မြေ၏ သိပ်သည်းဆ)
FM of FA = 2.6 (အသုံးပြုမည့် သဲ အရွယ်အစား တန်ဖိုးတစ်ခု)
ထိုအချက်တွင် ထည့်သွင်းထားသော ဂဏန်းများသည် နမူနာ ထည့်သွင်းထားခြင်းဖြစ်ပါသည်။ Mix Design တစ်ခု တွက်ချက်ရာတွင် သတ်မှတ်ထားသည့် ခံနိုင်ရည်အားတွင် အခြေခံတွက်ချက်သည် မဟုတ်ဘဲ ထို့ထက်ပိုပြီး ရရှိနိုင်မည့် (Target Means Strength) ပေါ်တွင် အခြေခံတွက်ချက်ရပါသည်။ ACI318-02 TABLE 5.3.2.1—REQUIRED AVERAGE COMPRESSIVE STRENGTH WHEN DATA ARE AVAILABLE TO ESTABLISH A STANDARD DEVIATION ဆိုတဲ့ ဇယားမှာ ဖေါ်ပြထားသည့် အတိုင်း Target Means Strength အားတွက်ချက်ရမည် ဖြစ်ပါသည်။ အောက်တွင်ကြည့်ပါ။
Target Means Strength= Specified Strength + 2.33 s - 3.5Mpa(≤35 Mpa)
Target Means Strength= Specified Strength x 0.9 + 2.33 s (> 35 Mpa)
s = Standard Deviation (အောက်ပါတွက်ချက်မှု့တွင် s တန်ဖိုးအား 5 ဟု သတ်မှတ်ပါမည်။)
အထက်ပါ အချက်များ ရရှိပါက Mix Design တစ်ခု စတင် တွက်ချက်တော့မည် ဖြစ်ပါသည်။
Target Means Strength= Specified Strength +2.33 s - 3.5Mpa (≤35 Mpa)
(သတ်မှတ်ထားသည့် Specified Strength သည် 35 Mpa ဖြစ်သောကြောင့် နံပါတ်တစ် ဖေါ်မြူလာအား အသုံးပြုခြင်း ဖြစ်သည်။)
Target Means Strength =35 + 2.33 x 5 -3.5
= 43.15 Mpa (45 Mpa)
ထို Target Means Strength 45 Mpa ရရှိရန်အတွက် အရင် Record များမှ 45 Mpa ရရှိစေရန် W/C ဘယ်လောက်တွင် 45 Mpa ရရှိသနည်းဟု ပြန်ကြည့်ရမည် ဖြစ်ပါသည်။ ( ထိုသို့ ရရှိရန် မဖြစ်ပါက ဘိလပ်မြေ ပမာဏ အမျိုးမျိုးတို့ဖြင့် Trial Mix များ ပြုလုပ်ထားရန် လိုအပ်ပါသည်။ ထို Trial Mix Results များပေါ်တွင် အခြေခံပြီး W/C နှင့် Strength Relation များ ဦးစွာ ရှာထားရမည်။ အောက်ပါ တွက်ချက်မှု့တွင် W/C အား 0.48 ဟု ထည့်သွင်း တွက်ချက်ပါမည်။ )
To get 45 Mpa (W/C) = 0.48 (From past Record)
ထိုနောက် ရေထည့်ရမည့် ပမာဏအတွက် ACI 211-1 99 Table 6.3.6 တွင် ဖေါ်ပြထားသည့်အတိုင်း လေအားထည့်သွင်းအသုံးမပြုသည့် ပုံမှန်ကွန်ကရိဆိုသော အပိုဒ်တွင် အသုံးပြုမည့် Slump တန်ဖိုးနှင့် ကျောက် G Maximum Size ဆုံမှတ်တွင် ရေ ပမာဏ ရရှိမည် ဖြစ်သည်။ အောက်ပါ တွက်ချက်မှု့တွင် အသုံးပြုမည့် Slump တန်ဖိုးသည် 50mm နှင့် ကျောက် G Max 19.0 ဖြစ်သောကြောင့် ACI 211-1 99 Table 6.3.3 အရ လေထည့်သွင်း အသုံးမပြုသည့် ပုံမှန်ကွန်ကရိတွင် ထည့်ရမည့် ရေပမာဏသည် အောက်ပါအတိုင်းဖြစ်သည်။
***From ACI 211-1 99 Table 6.3.6 (Water Content) = 190kg/m3
ရေကို ဘိလပ်မြေနှင့် စားသောအခါ W/C အချိုးရသည်။ ထို့အတွက် ယခုအခါ ဘိလပ်မြေပမာဏအား လိုချင်ပါက သင်္ချာနည်းအရ ရေကို W/C ဖြင့် စားရမည်ဖြစ်သည်။
***Cement Content = 190/0.48 =395 kg/m3
ကျောက်ထည့်ရမည့် ပမာဏအားသိရှိရန်အတွက် ACI 211-1 99 အပိုဒ် 6.3.6 တွင် ပြောထားသည့် အတိုင်း ကျောက်၏ Bulk Density အား သူ၏ Bulk Volume နှင့် မြှောက်ပါက အသုံးပြုရမည့်ကျောက်ပမာဏအား ရရှိမည် ဖြစ်သည်။ Bulk Density အား မိမိ ဓါတ်ခွဲခန်းတွင် စမ်းသပ် ရှာဖွေရမည် ဖြစ်ပြီး Bulk Volume အား ရရှိစေရန်အတွက် ACI 211-1 99 Table 6.3.6 တွင် သဲ၏ FM နှင့် ကျောက်ဆိုဒ် ဆုံမှတ်တွင် အသုံးပြုရမည့် Bulk Volume အား ရရှိမည် ဖြစ်သည်။ (အောက်ပါ တွက်ချက်မှု့တွင် သဲ FM 2.6 ကျောက် Size 19.0 ဖြစ်သောကြောင့် Bulk Volume သည် 0.64 ဖြစ်သည်။)
***Coarse Aggregate Content = 0.64x 1600= 1020kg/m3
နောက်ဆုံး သဲ ပမာဏ အားတွက်ချက်ရုံသာ ကျန်တော့သည်။ သဲ တွက်ရန်အတွက် ကျနော် အပေါ်က ပြောသလို အမေရိကန်နည်းသည် Volume ပေါ်တွင် အခြေခံတွက်သောကြောင့် 1000 Litter (@1m3) မှ ဘိလပ်မြေ ရေ ကျောက် လေ ၏ Volume အား နှုတ်ပါက သဲ Volume ရရှိမည် ဖြစ်သည်။ ထို သဲ Volume အား သူ၏ SG ဖြင့် ပြန်မြှောက်ပါက သဲထည့်ရမည့် အလေးချိန်ကို ရရှိမည် ဖြစ်သည်။
***Fine Content = 1000-(Cement/SG+Water/SG+Coarse/SG+Air )
= 1000-(395/3.15+190/1+1020/2.64+20)
= 279X2.58=720kg/m3
Air Content = 2%
မှတ်ချက်။ ။ ကွန်ကရိ Volume တွင် ပုံမှန်အားဖြင့် လေ ၂ ရာခိုင်နှုန်း ပါဝင်သည်ဟု ညွှန်းဆိုထားပါသည်။ ထိုညွှန်းဆိုချက်အား မိမိ ကွန်ကရိ ဖျော်စပ်စဉ် အမှန်တကယ် ရရှိသော Results ပေါ်တွင် အခြေခံပြီးလည်း တွက်ချက်နိုင်ပါသည်။
ထို့နောက် ဖျော်စပ် အသုံးပြုရမည့် ကုန်ကြမ်းများ၏ အလေးချိန်အသီးသီးကို ရရှိမည် ဖြစ်သည်။
Mix Design Formal
Water Cement FA CA
190 395 720 1020
Adjustment of Mix Proportion အား ဆက်လက် ဖော်ပြပါမည်။
Ref : 1. ACI 211.1-91 Standard Practice for Selecting Proportions for Normal Heavyweight, and Mass Concrete
2. ACI 318-02 BUILDING CODE REQUIREMENTS FOR STRUCTURAL CONCRETE
3. ADVANCE CONCRETE TECHNOLOGY TRAINING SYLLABUS

Shear Wall Basic Detailing



 
*Shear Wall Basic Detailing*

Shear Wall ရဲ့ Vertical Main
Steel က အတွင်းမှာ ရှိရပါတယ် ...
သူ့ကိုပတ်ထားတဲ့ Stirrups/ Ties
တွေက အပြင် က ပတ် ရပါတယ်

မျက်စိထဲမြင် အောင် ပြော ရ ရင်
Column ရဲ့Main Steel ကအတွင်းပါ
ပြီးမှ Ties ကွင်းကိုပတ် ရသလိုပါပဲ

Design Knowledge မပြည့်ဝတဲ့အခါ
Shear Wall ရဲ့Vertical Steel တွေ အတွင်းအပြင် မှားချည်တတ်ပါတယ်
(Ground Tank Wall နဲ့မှားတာပါ)

အမှားခံလို့မဖြစ်ပါဘူး .. [Mostly]
Shear Wall ပါတယ်ဆိုကတည်းက
အဲ့ဒီ Structure က ငလျင်/ မုန်တိုင်းကို
အဓိကစဉ်းစားထားရလို့ပါ ...
(135°seismic hook ပါသုံးရပါတယ်)

Steel/Rebar မှားချည်ထားမှတော့
ငလျင် သာ တကယ်လှုပ် ရင်
မ တွေးဝံ့စရာပါပဲ ... သံချောင်းပါတိုင်း
ခိုင် တာမဟုတ်ပါဘူး ...

ပြောင်းပြန်စဉ်းစားကြည့်ပါ
Cantilever Beam တစ်ခုမှာ
Top Steel/ Bottom Steel တွေကို
အပြင် မှာ ထားပြီး Stirrup ကွင်းတွေကို
အတွင်းက နေ ချည်ကြည့်ပါ ..

တကယ့် Force လဲ သက်ရောက်ရော
ချုပ်မယ့် စတားကွင်းတွေကအတွင်းမှာ
ဖြစ်နေ တော့ Main Steel ကအထိန်းမရှိ ပွင့်ပြီပေါ့

Shear Wall ဆိုတာ
အ ဆောက်အဦရဲ့Foundation က နေ
ဟိုး Roof Top Level ထိပါတဲ့ Wall ပါ

တနည်းအားဖြင့် (G.L)မြေကြီးမှာ
Fixed ဖြစ်နေပြီး (ပုံမှာပြထားသလို)
အ ပေါ်မှာ Supporting မရှိပဲဝဲနေတဲ့
Cantilever Beam ပုံစံပါပဲ ...
(ပုံကို အတည့်မကြည့်ပဲ ...
90° လှည့်ကြည့်ပါ)

Lateral Force တွေသက်ရောက်တဲ့ဖက်က
Tension Zone ... တစ်ဖက်က
Compression Face ပေါ့ဗျာ
ဒါပေမယ့် ငလျင် ဆိုတာ ဘယ်ဖက်က
လာမယ်ဆိုတာ မသိနိုင် တဲ့အတွက်
Face နှစ်ဖက်လုံးကို Identical Steel
အတူတူထည့်ပေးထားမှ စိတ်ချရပါတယ်

အဲ့ဒီ Vertical Steel/Rebar တွေ
မှားရင် တော့ မ တွေးရဲစရာပါပဲ
မှားတတ်တာက Under-ground Tank
Steel Detailing ဆင် နည်းနဲ့ပါ ...

Ground Tank နဲ့ Retaining Wall တွေက
အလွယ်ပြောရ ရင် Floor Slab တွေကို
ထောင် ထားသလိုပါပဲ ... ဒီတော့
Slab သံချောင်းဆင် သလို Vertical
Main Steel က အပြင် .. Horizontal
Distribution Bar တွေက အတွင်း ..
မှန်ပါတယ် ... Action တူတယ်လေ

ဒါပေမယ့် ... သိထားရမှာက
Storey တစ်ထပ်စာ/နှစ်ထပ်စာပဲရှိတဲ့
Ground Tank Wall တွေ
Retaining Wall တွေဆိုတာ
Shear Wall မဟုတ်သလို ...
သံချောင်းပါတိုင်း Shear Wall လို့
ပြောလို့မရပါဘူး ....

Paper Work မှာ Design မှန် ရုံနဲ့
Structure တစ်ခုမခိုင် ခန့်နိုင် ပါဘူး
Construction Procedure မှန်မှ
အ ဆောက်အဦတစ်ခု Servicibility
အပြည့်အဝ အာမခံနိုင် မှပါ ...

ကျနော့် ဆရာထိုက် ရဲ့စကားအတိုင်း
Design တွက်တာက တွက်တာတစ်ပိုင်း
Detailing (Steel ထည့်တာက) ထည့်တာတစ်ပိုင်းပါ

R.C ရဲ့အသက်
Reinforcement တွေ
သူ့နေရာနဲ့သူရှိကြပါစေဗျာ